သန်လျင် အမှတ်(၁) ရေနံချက်စက်ရုံဝင်းအတွင်းရှိ စက်ကန်(ရေလှောင်ကန်) တာပေါက်မှုဖြစ်ပွားခဲ့ပြီး သဲအိတ်များ၊ ကျောက်အိတ်များချ၍ တုတ်ရိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

 


ရန်ကုန် ဩဂုတ် ၁၂

 

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ရေနံရပ်ကွက် အမှတ်(၁) ရေနံချက်စက်ရုံဝင်းအတွင်းရှိ စက်ကန် (ရေလှောင်ကန်)သည် ဩဂုတ် ၁၀ ရက် ညနေပိုင်းက တာပေါက်မှုဖြစ်ပွားခဲ့ပြီး ဖြစ်ပွားသည့်အချိန်မှစတင်ကာ သဲအိတ်များ၊ ကျောက်အိတ်များချ၍ တုတ်ရိုက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် ရေပမာဏလျှော့ချနိုင်ရန်အတွက် Hydrosub 60 ရေစုပ်စက်အကြီး သုံးလုံး၊ အပေါ့စားမီးသတ်စက် ခြောက်လုံး၊ (22 hp) Incline Submersible pump နှစ်လုံး၊ YCDC မှ pump တစ်လုံးတို့ဖြင့် ရေစုပ်ထုတ်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များ၊ စက်ရုံဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.