ညောင်ဦးမြို့၌ ရေဝင်ရောက်မှုကြောင့် အိမ်ထောင်စု ၉၅ စု၊ လူဦးရေ ၃၅၄ ဦးတို့ကို ရေဘေးရှောင်စခန်းများကို ပြောင်းရွှေ့ပေးလျက်ရှိ
ညောင်ဦး ဩဂုတ် ၁၁
ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်သို့
ကျော်လွန်ရောက်ရှိနေပြီး မြစ်ကမ်းဘေးနေအိမ်များနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့်
အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ် (၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင်
မြစ်ရေ ဝင်ရောက်လျက်ရှိသည်။
ထိုသို့မြစ်ရေဝင်ရောက်မှုကြောင့် အိမ်ထောင်စု
၉၅ စု၊ လူဦးရေ ၃၅၄ ဦးတို့ကို ရေဘေးရှောင်စခန်း များသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဝန်ထမ်းများက
ကူညီပြောင်းရွှေ့ပေးလျက်ရှိပြီး ရေဘေးရှောင် စခန်းဖွင့်လှစ်ထားရှိသည့်နေရာများတွင်
ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါရပ်ကွက်များအတွင်း မြစ်ရေဝင်ရောက်မှုအခြေအနေနှင့်
ရေဘေးရှောင်စခန်း ဖွင့်လှစ်ထားရှိသည့်နေရာများကို ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီ ယာယီဥက္ကဋ္ဌ ဦးလှိုင်ကျော်စိုးနှင့် အဖွဲ့က ယနေ့သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း
သိရသည်။
ဒီပါလင်း

No comments