ဂျပန်ပြည်တွင်းထုတ် မီချီဘီကီ ၇ ဂြိုဟ်တုအား အောင်မြင်စွာလွှတ်တင်




တိုကျို     ဩဂုတ်     ၁၁


ဂျပန်ပြည်တွင်းထုတ်ဂြိုဟ်တု မီချီဘီကီ၇အား အာကာသအတွင်းသို့ ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။


အဆိုပါဂြိုဟ်တုအား အိပ်ချ် ၃ဒုံးကျည်တွင် သယ်ဆောင်၍ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကာဂိုရှီမာစီရင်စု  တန်ဂါရှီမာ အာကာသစခန်းမှ ဂျပန်စံတော်ချိန် နံနက် ၄ နာရီတွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။


အဆိုပါဂြိုဟ်တု   လွှတ်တင်ပြီး ၂၉    မိနစ်အကြာတွင် အာကာသပတ်လမ်းအတွင်းသို့   ရောက်ရှိခဲ့သည်။   ဂျပန်နိုင်ငံ သည်  ယခင်ကလည်း မီချီဘီကီ ဂြိုဟ်တုများကို အာကာသအတွင်းသို့ လွှတ်တင်ခဲ့ကြောင်းနှင့် လက်ရှိအချိန်တွင် အာကာသအတွင်း မီချီဘီကီ ဂြိုဟ်တုငါးစင်းရှိကြောင်း သိရသည်။ အဆိုပါ ဂြိုဟ်တုများသည် စမတ်ဖုန်းများ၏ တည်နေရာဆိုင်ရာ အချက်အလက်များနှင့်   ဆက်သွယ်ရခက်ခဲသည့်ဒေသများအတွက် မြေငလျင်ဆိုင်ရာ   သတိပေးချက်များကို   ပေးပို့ကြောင်းသိရသည်။


ဂျပန်အစိုးရသည် ပြည်တွင်း ဘူမိတည်နေရာရှာဖွေရေးစနစ်များကို  အားကောင်းစေရေးအတွက်  မူလက  မီချီဘီကီ ဂြိုဟ်တုခုနစ်စင်းအား    အာကာသအတွင်းသို့     လွှတ်တင်ရန် ဆောင်ရွက်ခဲ့သော်လည်း   ယမန်နှစ်က       မီချီဘီကီ ၅ အား လွှတ်တင်ရာတွင် လွှတ်တင်မှုမအောင်မြင်ခဲ့ကြောင်း သိရသည်။


ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.