တွန်းဇံမြို့သို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ



တွန်းဇံ  ဩဂုတ် ၂၀

ချင်းပြည်နယ် တွန်းဇံမြို့၌ ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ တွန်းဇံမြို့သို့ ပြန်လည် ရောက်ရှိလာသည့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ်(၁၉) ရက် နေ့ မွန်းလွှဲ (၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးသိန်းအောင်က အမှာစကား ပြော ကြားပြီး မြို့နယ်ဌာနဆိုင်ရာ (၃၅)ဌာနမှ နိုင်ငံ့ဝန်ထမ်း(၃၈၉)ဦးနှင့် မြို့ပေါ်ရပ်ကွက်(၂)ခုမှ ပြည်သူ (၃၀၀)ဦး တို့အား စားသောက်ကုန်ပစ္စည်း(၁၉)မျိုးကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါစားသောက်ကုန်ပစ္စည်းများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် တွန်းဇံမြို့သို့ ပြန်လည် ရောက်ရှိလာသည့် နိုင်ငံ့ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ပြည်သူများအတွက် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ပေးပို့လှူဒါန်းထားသော စားသောက်ကုန်ပစ္စည်းများဖြစ်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

မြို့နယ်ပြန်/ဆက်

No comments

Powered by Blogger.