သရက်မြို့နယ် စခန်းကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး
သရက် ဩဂုတ် ၂၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင်အသေးစားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်နှင့် အတိုးနှုန်းသက်သာသည့် ငွေကြေးအရင်းအနှီးများ ရရှိစေရန်ရည်ရွယ်၍ အင်းမငယ်ကျေးရွာအုပ်စု၊ စခန်းကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တခရိုင်ဦးစီးမှူး ဒေါ်ငုဝါထွေးနှင့် ဝန်ထမ်းများက စခန်းကြီးကျေးရွာ၌ စီမံကိန်းရန်ပုံငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ လအလိုက်ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများ ပြည့်စုံမှုရှိ၊ မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခေတ္တခရိုင်ဦးစီးမှူးက ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ စခန်းကြီးကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၅၄ဦးကို ငွေကျပ် ၃၁ ဒသမ ၂၅သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၆ဦးကို ငွေကျပ် ၁၁ ဒသမ ၇၅သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ငါးဦးကို ငွေကျပ် ၂ ဒသမ ၈သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၉၅ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၅ ဒသမ ၈သန်း ထုတ်ချေးပေးထားကြောင်း သိရသည်။
ဆက်လူ

No comments