မင်္ဂလာတောင်ညွန့်မြို့နယ် သာယာကုန်းရောင်းဝယ်ရေး အသင်းအမှုဆောင် ပြန်လည်ရွေးချယ်
ရန်ကုန် ဩဂုတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သာယာကုန်း ရပ်ကွက် သာယာကုန်းရောင်းဝယ်ရေး သမဝါယမအသင်း ၂၀၂၅- ၂၀၂၆ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင် ပြန်လည်ရွေးချယ်ပွဲကို သြဂုတ် ၃၀ ရက်က ရပ်ကွက်ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် သာယာကုန်းရပ်ကွက် သာယာကုန်း ရောင်းဝယ်ရေးအသင်းဥက္ကဋ္ဌက သဘာပတိ အဖြစ်ဆောင်ရွက်ပြီး အမှုဆောင် အစီရင်ခံစာနှင့် အသင်းသား စာရင်းစစ် အစီရင်ခံစာများကို အမှုဆောင်တစ်ဦးက ဖတ်ကြားပြီး အတည်ပြုသည်။
ယင်းနောက် အမှုဆောင် ငါးဦး၊ အသင်းသားစာရင်းစစ် နှစ်ဦးအား ရွေးချယ်အတည်ပြု ကတိသစ္စာပြု ခြင်းဆောင်ရွက်ခဲ့ကာ တက်ရောက်သူ အသင်းသားများအား အစုပေါ် အမြတ်ငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်

No comments