တာချီလိတ်ဒေသ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေး

 


တာချီလိတ် ဩဂုတ် ၃၀

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ ဟိုတယ်၊ တည်းခိုရိပ်သာ၊ ခရီးသွားလုပ်ငန်းများနှင့် ဧည့်လမ်းညွှန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို သိရှိနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဝမ်ကောင်းရပ်ကွက်ရှိ ဟိုတယ် တာချီလိတ် အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

ဆွေးနွေး

ဆွေးနွေးပွဲသို့ တက်ရာက်လာကြသည့် ဟိုတယ်၊ တည်းခိုရိပ်သာနှင့် ခရီးသွားလုပ်ငန်းရှင်များက တာချီလိတ်ဒေသအတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာစေရေး၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ အရည်အသွေး မြှင့်တင်ရေး၊ ဒေသ၏ ခရီးသွား လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများ၊ လိုအပ်ချက်များနှင့် လုပ်ငန်းဆိုင်ရာ အကြံပြုချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြောင်း သိရသည်။

ကျော်ဇေယျာလင်း(ပြန်/ဆက်)

No comments

Powered by Blogger.