ကျောက်ဆည်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် မိုးချည်မျှင်ရှည်ဝါ ၁၀၂၇ ဧက စိုက်ပျိုး
ကျောက်ဆည်၊ ဩဂုတ် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် မိုးချည်မျှင်ရှည်ဝါ ၁၀၂၇ ဧက စိုက်ပျိုးထားကြောင်းနှင့် ကျောက်ဆည်မြို့နယ်တွင် တိုက်နယ် ၁၂ ခုရှိပြီး မိုးချည်မျှင်ရှည်ဝါများကို တိုက်နယ် ၆ အတွင်းရှိ ကျေးရွာအုပ်စု များ၌ ၃၂ ဧက၊ တိုက်နယ် ၇ အတွင်းရှိ ကျေးရွာအုပ်စုများ၌ ၂၂ ဧက၊ တိုက်နယ် ၁၂ အတွင်းရှိ ကျေးရွာအုပ်စု များ၌ ၉၇၃ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါစိုက်တောင်သူများ ဝါအထွက်နှုန်းကောင်းမွန်ရေး သွင်းအားစုနှင့် ကုန်ကျစရိတ်လျော့နည်းပြီး အရည်အသွေးမြင့်မား၍ အထွက်နှုန်းတိုးတက်ကောင်းမွန်သည့် ရေမြေဒေသနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့် ချည်မျှဉ်ရှည်ဝါမျိုးများဖြစ်သည့် ရွှေတောင်(၁၀)၊ ရွှေတောင်(၈)နှင့် ငွေချည်(၆) ချည်မျှင်ရှည်ဝါများကို ရွေးချယ်စိုက်ပျိုးရေး ကူညီပေးလျှက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်

No comments