ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၌ လူငယ်တွေ့ဆုံပွဲ ကျင်းပ


တောင်ငူ  ဩဂုတ် ၁၉


တောင်ငူမြို့ရှိ တက္ကသိုလ်၊ ကောလိပ်၊ နည်းပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ လူငယ်မောင်မယ် ၃၈၀ ကျော် တက် ရောက်သည့် လူငယ်တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ကွန်ပျူတာ တက္ကသိုလ်(တောင်ငူ)၌ ကျင်းပသည်။


အဆိုပါ တွေ့ဆုံပွဲကို မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီ၊ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီနှင့် ကွန်ပျူတာတက္က သိုလ်(တောင်ငူ)တို့ ပူးပေါင်း ကျင်းပခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟို ကော်မတီဒုတိယဥက္ကဋ္ဌ (၁) လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက တက်ရောက် အမှာစကားပြော ကြားသည်။


ထို့ပြင် ပဲခူးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးက “လူငယ်နှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး တက်ရောက်လာသည့် ကဏ္ဍပေါင်းစုံမှ လူငယ် မောင်မယ်များ၏ မေးမြန်းဆွေးနွေးမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည် ရှင်းလင်းဆွေးနွေးသည်။


တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီး ဦးစစ်နိုင်က ကွန်ပျူတာ တက္ကသိုလ် (တောင်ငူ) ပါမောက္ခချုပ်ထံ အားကစားပစ္စည်းများ ပေးအပ်သည်။


တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စု ဝန်ကြီးသည် တောင်ငူတက္ကသိုလ်မှ တာဝန်ရှိသူများနှင့် သွားရောက် ဆွေးနွေးပြီး အဆိုပါ တက္ကသိုလ်၌ ကျင်းပသည့် Cleaning Campaign & Mind Lecture ဟောပြောပွဲတွင် ပါဝင်ဆောင်ရွက်မည့် International Youth Fellowship (IYF) အဖွဲ့မှ လူငယ်များကိုလည်း တွေ့ဆုံ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။


ခရိုင် (ပြန်/ဆက်)

No comments

Powered by Blogger.