မြန်အောင်ခရိုင်၌ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) တောင်သူသင်တန်းဖွင့်


မြန်အောင်  သြဂုတ်  ၁၁


စက်မှုလယ်ယာဦးစီးဌာန အမှတ်(၁၃) စက်မှုလယ်ယာစခန်း မြန်အောင်၌ ယမန်နေ့က ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)တောင်သူသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပသည်။


အဆိုပါအခမ်းအနားတွင် မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး ဝေလင်းက အမှာစကားပြောကြားပြီး ဟင်္သာတခရိုင် စက်မှုလယ်ယာ ဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးငြိမ်းသောင်းက သင်တန်းဖွင့်လှစ်ပေးခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ Shwe Agriculture Company Limited တာဝန်ခံက လယ်ယာသုံးစက်ကိရိယာ ပစ္စည်းများ မိတ်ဆက်ရှင်းလင်းပြောကြားသည်။


သင်တန်းသို့ မြန်အောင်မြို့နယ်မှ သင်တန်းသား ၄၅ ဦး တက်ရောက် ရာ သြဂုတ်လ ၁၀ ရက်မှ၂၁ ရက်အထိ စာတွေ့၊ လက်တွေ့ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

   

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.