မင်းလှမြို့နယ်၌ မြစ်မခမြစ်ရေဝင်ရောက်မှုကြောင့်စာသင်ကျောင်း (၆)ကျောင်းယာယီပိတ်ထား
မင်းလှ ဩဂုတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေတတ်ပြီး မြစ်လက်တတ်ဖြစ်သည့် မြစ်မခမြစ်အတွင်းသို့မြစ်ရေဝင်ရောက်မှုနှင့် မိုးအဆက်မပြတ်ရွာ သွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်၍ ဩဂုတ် ၁၇ ရက် နံနက်ပိုင်းကစာသင်ကျောင်း(၆) ကျောင်းယာယီပိတ်ထားရ ကြောင်းသိရသည်။
အဆိုပါမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းများအတွင်း ရေဝင်ရောက်ခြင်း၊ဆရာ ဆရာမများ၊ ကျောင်းသား/သူများပါသွားလာရာတွင်အခက်အခဲရှိခြင်း၊ အန္တရာယ်ရှိခြင်းတို့ကြောင့် အ ထ က ရွှေလောင်း၊ အ မ က(လွန်)ဒီလှိုင်း၊အ မ က စွန်လန်ကုန်း၊ အ မ က ဆင်ကူး၊ အ မ က ပေါက်ချောင်း၊အ မ က တောင်ပို့ကြီး စုစုပေါင်း (၆) ကျောင်းယာယီပိတ်ထားကြောင်း ၊ ရေများပြန်လည်ကျဆင်းသွားပါက အပတ်စဉ် တနင်္ဂနွေနေ့ များတွင် အစားထိုးပြန်လည်သင်ကြားရေးအတွက် စီမံဆောင်ရွက်ထား ကြောင်းသိရသည်။
ပေါက်စ(မင်းလှ)

No comments