ရန်ကင်းမြို့နယ်၌ စွယ်​​တော်ရိပ်ရောင်းဝယ်ရေးသမဝါယမအသင်း နှစ်ပတ်လည်စည်းဝေး

 


ရန်ကုန် သြဂုတ် ၁၇

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် သမဝါယမဦးစီးဌာနက စွယ်တော်ရိပ်ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ရွေးချယ်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁၅)ရပ်ကွက် နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံ၌ ကျင်းပသည်။

 

ရွေးချယ်အတည်ပြု

ဦးစွာ မြို့နယ်အဆင့် ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ဦးစီးအရာရှိ ဒေါ်နှင်းနှင်းအေးက သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေအရ အမှုဆောင်အဖွဲ့ရွေးချယ်တင်မြှောက်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော အသင်းသားများ၏ အဆိုပြု ထောက်ခံချက်များအတိုင်း အမှုဆောင်အဖွဲ့ကိုရွေးချယ် အတည်ပြုခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)

No comments

Powered by Blogger.