ကြာအင်းဆိပ်ကြီးမြို့နယ်၌ သမဝါယမအသင်း အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ရွေးချယ်

 


ဘားအံ ဩဂုတ် ၂၃

 

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် သမဝါယမဦးစီးဌာန အားမာန်ရောင်းဝယ်ရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ရွေးချယ်ပွဲကို ဩဂုတ် ၂၁ ရက်က ကြာအင်းဆိပ်ကြီးမြို့နယ် သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ သဘာပတိက အမှာစကားပြောကြားပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေမှုစာရင်းနှင့် စာရင်းစစ်အစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်များကို တာဝန်ရှိသူများက ဖတ်ကြားပြီး တက်ရောက်လာကြသော အသင်းသားများထံမှ အတည်ပြုချက်ရယူခဲ့ကြသည်။

 

ထို့နောက် အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ပွဲကို ကျင်းပရာ ရွေးချယ်ခံရသည့် အမှုဆောင်နှင့် အသင်းသားစာရင်းစစ်များက သဘာပတိရှေ့မှောက်တွင် ကတိသစ္စာခံယူခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.