ရွှေတောင် မြို့နယ်တွင် ၂၀၂၆ ဘဏ္ဍာနှစ်မိုးစပါး ( ၅၂၁၆၃) ဧကလျာထားပြည့်စိုက်ပျိုးပြီးစီး




ရွှေတောင် သြဂုတ် ၂၀


နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန် ၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးလျာထားဧက (၅၂၁၆၃) ဧကစိုက်ပျိုးပြီးစီးကြောင်း သိရ သည်။


ရွှေတောင် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသော ဒေသခံတောင်သူများအနေဖြင့် မိုးစပါးစိုက်ဧကများ ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များမှ ကြီးကြပ်၍ ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးခြင်း၊ မျိုးစေ့ ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်/ လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုး ခြင်းနည်းများဖြင့် ရေဆင်းပေါ်ဆန်း- ၁၊ရေဆင်းပေါ်ဆန်း-၂၊မှော်ဘီ- ၂၊ရတနာတိုးစပါး မျိုးများ စိုက်ပျိုး ခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးနည်းစနစ် များအား ကွင်းသရုပ်ပြသခြင်း၊ နှစ်စဉ် မျိုးကောင်းမျိုးသန့်မျိုးစေ့များကို ပံ့ပိုးပေးခြင်း၊ သဘာဝ မြေသြဇာပြုလုပ်နည်းများ သရုပ်ပြသခြင်း၊ သွင်းအားစုဓာတ်မြေသြဇာများကို သက်သာသော စျေးနှုန်းဖြင့် တောင်သူများအား ဖြန့်ဖြူးပေးခြင်း၊ ပိုးမွှားရောဂါကာကွယ်ရေးနှင့် စိုက်ပျိုးနည်းပညာ များ လက်တွေ့ကွင်းဆင်းသရုပ်ပြသပေးခြင်း လုပ်ငန်းများ၊ စိုက်ပျိုးနည်းစနစ် သင်တန်းများ ဖွင့်လှစ်ပေးခြင်း နှင့် တောင်သူအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


ကိုကိုမင်း ( ပြန်/ ဆက်)

No comments

Powered by Blogger.