မိခင်တိုင်းရင်းစာပေ သင်တန်းဆင်း
ဟားခါး သြဂုတ် ၂၅
မိခင်တိုင်းရင်းစာပေ သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ သင်တန်းနည်းပြများနှင့် သင်တန်းထူးချွန်ဆု ရရှိကြသူများအား ဂုဏ်ပြုလွှာနှင့် ဂုဏ်ပြုဆုငွေများ၊ သင်တန်းသားများအတွက် သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments