တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ



မော်လမြိုင် ဩဂုတ် ၁၁


တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို  ယနေ့ နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ  အစည်းအဝေးသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်စာရင်း စစ်ချုပ်တို့  တက်ရောက်ကြသည်။


အစည်းအဝေးတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်း ၁၀ ခုကို  သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ကြသည်။


ဆက်လက်၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်းကိစ္စ တင်ပြခြင်းနှင့် ပြည်နယ် လွှတ်တော်၏ အတည်ပြုချက်ရယူပြီး တိုင်ကြားစာ၊ အသနားခံစာ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း ကိစ္စတို့ကို ပြည်နယ်လွှတ်တော်၏ အတည်ပြုချက် ရယူသည်။


ထို့နောက် မွန်ပြည်နယ်လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး တတိယနေ့ကို ဩဂုတ် ၁၂ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


စည်သူ(ပြန်/ဆက်)

No comments

Powered by Blogger.