အုတ်ဖိုမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း



အုတ်ဖို သြဂုတ် ၂၄

 

ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ် သရက်ပင်ဆိပ်ကျေးရွာ တောင်သူ ဦးကြည်မောင်၏ မိုးစပါးစိုက်ဧက ငါးဧကရှိ လယ်မြေတွင် ဗီယက်နမ် ရက် ၁၀၀မျိုး စိုက်ပျိုးထားသည့်စပါးခင်းအား စံကွက်ရိတ်သိမ်းခြင်းကို ယနေ့တွင် ဆောင်ရွက်သည်။

 

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ သာယာဝတီခရိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် မိုးစပါးစိုက်တောင်သူများ တက်ရောက်ကြပြီး မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် တစ်ဧကလျှင် အစိုအထွက်နှုန်း ၁၄၃ တင်းနှုန်းထွက်ရှိခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.