ချောက်မြို့နယ် ချောင်းတက်ကျေးရွာ၌ ရေစက်ရုံ တည်ဆောက်နေမှု စစ်ဆေး
ချောက် ဩဂုတ် ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ချောင်းတက်ကျေးရွာအုပ်စု၊ ချောင်းတက်ကျေးရွာ၌ ရေစက်ရုံတည်ဆောက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေသက်နိုင်နှင့် အင်ဂျင်နီယာဝန်ထမ်းများက ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာရေရရှိရေးကော်မတီဝင်များနှင့်အတူ ချောင်းတက်ကျေးရွာ၌ ရေစက်ရုံ တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လုပ်ငန်းများအား သတ်မှတ်စံချိန်များနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ချောင်းတက်ကျေးရွာ၌ အလျား ငါးပေ၊ အနံ ငါး ပေ၊ အမြင့် ခုနှစ်ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း၊ 10 kw ပါဝါမီတာ တပ်ဆင်ခြင်း၊ ရေမြှုပ်ပန့်တပ်ဆင်ခြင်းလုပ်ငန်းများကို ယခုဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၂၃ ဒသမ ၀၆သန်းဖြင့် Zenith Creative Construction Co.,Ltd; မှ ၂၀၂၆ခုနှစ်၊ ဇွန် စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်များ ၉၀ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး တစ်နာရီလျှင် ရေဂါလံ ၂၅၀၀ထွက်ရှိကြောင်း ချောက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေသက်နိုင်ထံမှ သိရသည်။
နော်လူး

No comments