ရွှေတောင် မြို့နယ်တွင် မိုးမြေပဲများ လျာထား ၉၅၃၈ဧကစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိ



ရွှေတောင် သြဂုတ် ၂၄

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်အတွင်း ဆီထွက်သီးနှံဖြစ်သည့် မိုးမြေပဲ (၉၅၃၈) လျာထားဧက စိုက်ပျိုးခဲ့ပြီးဖြစ်ရာစိုက်ပျိုးပြီး မိုးမြေပဲများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။

ရွှေတောင်မြို့နယ်တွင် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် မိုးမြေပဲအထွက်နှုန်း တိုးတက်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဧကအထွက်နှုန်းတိုးတက်စေရေး မျိုးစိုက်စနစ်ဖြင့်သွင်းအားစုအသုံးပြုခြင်း၊ အပင်ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ ကြားပေါင်းမြက်နှုတ်ပယ်ခြင်း၊ အပင်အားကောင်းစေရန် နွားကျင်ငယ်ရေပတ်ဖျန်းခြင်းများကို လက်တွေ့သရုပ်ပြမှုများဆောင်ရွက်ခဲ့ပြီး နည်းစနစ်မှန်လိုက်နာ ဆောင်ရွက်ရေးအသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိုးမြေပဲစိုက်ပျိုးရာတွင်မြေပဲ အထွက်နှုန်းတိုးတက်ရေးအတွက် မြေပဲမျိုးများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပံ့ပိုးဖြန့်ဖြူးလျက်ရှိပြီး စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကိုကိုမင်း (ပြန် / ဆက်)

No comments

Powered by Blogger.