ပဉ္စမမြောက် ပြည်ပကစားသမားအဖြစ် ပေါ်တူဂီကွင်းလယ်လူ ဂယ်ဆင်ကိုစတာ အား ရန်ကုန်စီးတီးခေါ်ယူ

 


ရန်ကုန်    ဩဂုတ်    ၂၇

လာမည့်ဘောလုံးရာသီအတွက် အသင်း၏ ပဉ္စမမြောက် ပြည်ပကစားသမားအဖြစ် ပေါ်တူဂီ လူငယ်လက်ရွေးစင် ကစားသမားဟောင်း ကွင်းလယ်လူ ဂယ်ဆင်ကိုစတာ (Gelson Costa)  ကို တစ်နှစ်စာချုပ်ဖြင့် ရန်ကုန်စီးတီးအသင်းက ခေါ်ယူလိုက်ပြီဖြစ်သည်။ 

ဂယ်ဆင်ကိုစတာသည် ပေါ်တူဂီ ယူ-၁၈၊ ယူ-၁၉ နှင့် ယူ-၂၀ လူငယ် လက်ရွေးစင်အသင်းများတွင် ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး နိုင်ငံအသင်းအတွက် ၂၁ ပွဲ ပါဝင်ကစားကာ ခြောက်ဂိုးသွင်းယူပေးခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ပေါ်တူဂီထိပ်သီးကလပ် များဖြစ်သည့် စပို့တင်းနှင့် ဘင်ဖီကာအသင်းတို့၏ လူငယ်အကယ်ဒမီများမှတစ်ဆင့် ကစားသမားဘဝကို စတင်ခဲ့သူဖြစ်ပြီး အဆိုပါအသင်းများနှင့်အတူ ဥရောပလူငယ်ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ၁၅ ပွဲ ပါဝင်ယှဉ်ပြိုင်ကာ သုံးဂိုးသွင်းယူနိုင်ခဲ့သူဖြစ်သည်။

ဂယ်ဆင်ကိုစတာသည် ဘင်ဖီကာလူငယ်အသင်းတွင် မန်စီးတီးကြယ်ပွင့်များဖြစ်သည့် ရူဘင်ဒီယက်စ်၊ အီဒါဆန်တို့နှင့် အတူ တွဲဖက်ကစားခဲ့သလို ပေါ်တူဂီကလပ်များဖြစ်သည့် ဘင်ဖီကာ ()၊ ဘိုအာ ဗစ်တာ၊ အက်စတိုးရီးလ်တို့အပြင် ဆော်ဒီ၊ ကာဇက်စတန်၊ လက်ဘနွန်၊ အင်ဒိုနီးရှားနှင့် မော်လ်တာကလပ်များတွင်လည်း လှည့်လည်ကစားခဲ့သည့် အတွေ့အကြုံရင့် ကစားသမားတစ်ဦးဖြစ်သည်။

လက်ရှိတွင် အတွေ့အကြုံရင့် ကွင်းလယ်လူ ဂယ်ဆင်သည် ရန်ကုန်စီးတီးအသင်း၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း အသင်းနှင့် လာရောက်ပူးပေါင်းခဲ့ပြီး ရာသီသစ်အတွက် အသင်းဖော်များနှင့်အတူ လေ့ကျင့်မှုများ အရှိန်အဟုန်မြှင့် ပြုလုပ်လျက်ရှိသည်။ 

နေမျိုး၊ ဓာတ်ပုံ-YCFC

No comments

Powered by Blogger.