ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ရုံးအဆောက်အအုံသစ် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ



ပုသိမ် ဩဂုတ် ၃၀


ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ရုံး အဆောက်အအုံသစ် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက ပုသိမ်မြို့ အမှတ်(၄)ရပ်ကွက် ပန်းခြံလမ်းရှိ အဆိုပါရုံးသစ် ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပသည်။


အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမင်းဦး၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးအောင်စန်းချစ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးကျော်မျိုးတင်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်နှင့် မဟာလင်းသစ်ကုမ္ပဏီ CEO ဦးရှိန်းမင်းသော်တို့က သတ်မှတ်နေရာ အသီးသီးတွင် ရတနာပန္နက်များကို စိုက်ထူပေးကြသည်။


ဆောက်လုပ်သွားမည်


အဆိုပါအဆောက်အအုံသစ်ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေကျပ် ၆၇၇ ဒသမ ၆၅ သန်းဖြင့် မဟာလင်းသစ် ကုမ္ပဏီက တာဝန်ယူဆောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ 


သန့်ဇင်(ပြန်/ဆက်)

No comments

Powered by Blogger.