မအူပင်မြို့နယ်၌ သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချ

 





မအူပင်  ဩဂုတ်  ၂၅


ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၌ ဒေသခံပြည်သူများနှင့် တက္ကသိုလ်အသီးသီးရှိ ဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် ကြက်ဥများအား လက်ဝယ်အရောက် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက နယ်မြေ မီးသတ်စခန်းရှေ့၊ မအူပင်တက္ကသိုလ်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်)၊ Polytechnic University (MAUBIN) တို့သို့ သွားရောက် ရောင်းချသည်။


ထိုသို့ ရောင်းချပေးမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးကိုကိုဝင်း ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများနှင့် ဆီလုပ်ငန်းရှင်များ၊ ဆန်လုပ်ငန်းရှင်များ၊ ကြက်ခြံ မွေးမြူရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ ကြက်ဥတစ်လုံး ငွေကျပ် ၄၀၀ ဖြင့် အလုံး ၉၀၀၀ နှင့် ဆီ ငါးဆယ်သား ငွေကျပ် ၄၂၀၀ ဖြင့် ပိဿာချိန် ၆၀၊ ဆန်တစ်ပြည် ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ဆန် ငါးအိတ်ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။


အောင်မြင့်မြတ်(ပြန်/ဆက်)

No comments

Powered by Blogger.