နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တရားမဝင်သစ်များ သိမ်းဆည်းရမိ
နေပြည်တော် ဩဂုတ် ၁၁
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၃ ရက်မှ ၉ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသည့် စာရင်းများအရ တရားမဝင် ကျွန်း ၂ ဒသမ ၂၈၅၄ တန် သစ်မာ သုည ဒသမ ၂၁၇၈ တန်၊ အခြားသစ် ၂၁ ဒသမ ၃၈၂၂ တန် စုစုပေါင်း ၂၃ ဒသမ ၈၈၅၄ တန် ယာဉ်/ယန္တရား နှစ်စီး၊ တရားခံ ခုနစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments