သာပေါင်းမြို့နယ်၌ ဈေးနှုန်းသက်သာစွာ ဆန်၊ ဆီ၊ ကြက်ဥများ ရောင်းချ

 


သာပေါင်း ဩဂုတ် ၂၇

 

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ် ကျဆင်းရေးကော်မတီက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် ဩဂုတ် ၂၅ ရက်က အမှတ်(၃)ရပ်ကွက် မြချမ်းသာဘုရားရှေ့၌ ပြည်သူများအား ဈေးနှုန်းသက်သာစွာ ဆန်၊ ဆီ၊ ကြက်ဥများ ရောင်းချပေးသည်။

 

သာပေါင်းမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဇင်၊ အတွင်းရေးမှူး မြို့နယ်စားသုံးသူရေးရာ ဦးစီးအရာရှိ ဦးထွန်းမင်းလတ်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးလင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သူဟိန်းတို့ ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် ပြည်သူများ၏ လူနေမှုဘဝအခြေခံကျသည့် စားသောက်ရေးတွင် အရေးကြီးသော ဆန်၊ ဆီ၊ ကြက်ဥတို့ကို သက်သာချောင်ချိရေးတစ်ရပ်အနေဖြင့် ရောင်းချပေး‌နေမှုကို ကြည့်ရှုအားပေးပြီး ပေါင်းစပ်ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။  

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.