ကျောင်းကုန်းမြို့သို့ ဆန်အိတ်၊ ငါးကြော်နှင့် ငံပြာရည်ကြော်များ လာရောက်လှူဒါန်း
ကျောင်းကုန်း ဩဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့၌
ရေဘေးကြောင့် ပြောင်းရွှေ့ရသူ ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် မအူပင်မြို့နေ အလှူရှင်များက
ဆန်နှင့် စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်းသည်။
အလှူရှင်များဖြစ်သော ဦးဘုတို-ဒေါ်နုနုအေး မိသားစုက ဆန်အိတ် ၁၀၀၊ ငါးကြော်ပိဿာ
၄၀၀ နှင့် ငံပြာရည်ကြော်တို့ လှူဒါန်းရာ ကျောင်းကုန်းမြို့ရှိ ရေဘေးရှောင်စခန်း သုံးခုမှ
အိမ်ထောင်စု ၅၅၁ စု၊ လူဦးရေ
၂၀၀၅ ဦးတို့အား အိမ်ထောင်စုတစ်စုလျှင် ဆန် သုံးပြည်၊ ငွေကျပ် ၁၀၀၀၀ စီ၊ ငါးကြော်နှင့်
ငံပြာရည်ကြော်တို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)

No comments