ကချင်ပြည်နယ်၌ GAP စံနှုန်းနှင့်အညီ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ငှက်ပျောစိုက်သူများအား နည်းပညာဆိုင်ရာများ အသိပညာပေးဆွေးနွေး
မြစ်ကြီးနား သြဂုတ် ၂၃
ကချင်ပြည်နယ်အတွင်း ပြည်ပပို့ကုန် ငှက်ပျောများ
ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပိုးမွှားကင်းစင်ပြီး GAP စံနှုန်းနှင့်အညီ စိုက်ပျိုးထုတ်လုပ်နိုင်ရေး
ဒေသတွင်း ငှက်ပျောစိုက်ကုမ္ပဏီများအား အသိပညာပေးခြင်းနှင့် စိုက်ပျိုးသူနှင့် တင်ပို့သူများ
သိရှိလိုက်နာ ဆောင်ရွက်ရမည့်နည်းလမ်းများကို သြဂုတ် ၂၂ ရက် နံနက်ပိုင်းက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး
အစည်းအဝေးခန်းမ၌ ပညာပေးရှင်းလင်းဆွေးနွေးသည်။
ကချင်ပြည်နယ်အနေဖြင့် ဆန်စပါးပြီးလျှင်
ရော်ဘာနှင့် ငှက်ပျောသည် စိုက်ပျိုးမှုအများဆုံးဖြစ်ပြီး တစ်ရှူးငှက်ပျောသည် ပြည်ပပို့ကုန်
စိုက်ပျိုးရေးသီးနှံအဖြစ် စိုက်ပျိုးထုတ်လုပ်တင်ပို့လျက် ရှိသည့်အတွက် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့်
GAP စံနှုန်းနှင့်အညီ စိုက်ပျိုး ထုတ်လုပ်နိုင်ရေး ပိုးမွှားနှိမ်နင်းရေးလမ်းညွှန်ချက်များကို
ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရေးနှင့် လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း
ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းစိုးက ရှင်းလင်းပြောကြားသည်။
အဆိုပါပညာပေးဆွေးနွေးပွဲကို စိုက်ပျိုးရေးဦးစီးဌာန
သီးနှံကာကွယ်ရေးဌာနခွဲ(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးဇော်လင်း၊ သီးနှံပိုးမွှားရောဂါပြန့်ပွားထိန်းချုပ်ရေးဌာနစုမှ
ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမူမူသိန်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ကိုကိုတို့က
စိုက်ပျိုးသူနှင့် တင်ပို့သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများ၊ စောင့်ကြည့်စစ်ဆေးရမည့်
ပိုးမွှားများနှင့် နှိမ်နင်းရမည့်နည်းလမ်းများကို ဒေသတွင်း တစ်ရှူး ငှက်ပျောစိုက်ပျိုးထုတ်လုပ်သည့်
ကုမ္ပဏီတာဝန်ရှိသူများအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အပြန်အလှန် ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း
သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments