လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် MOFCOM ပညာသင်ဆုပေးအပ်ပွဲ အခမ်းအနားကျင်းပ

 


နေပြည်တော် ဩဂုတ် ၂၆

 

မြန်မာနိုင်ငံရှိ နိုင်ငံ့ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါရဂူဘွဲ့၊ မဟာဘွဲ့ပညာသင်ဆုများ ပေးအပ်လျက်ရှိသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (Ministry of Commerce–MOFCOM) ပညာသင်ဆုပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက နေပြည်တော်ရှိ Horizon Lake View Resort Hotel ၌ ကျင်းပပြီး ကျောင်းဝင်ခွင့်လက်မှတ်များကို ပညာတော်သင်ဆု ရွေးချယ်ခြင်းခံရသူများအား ပေးအပ်ချီးမြှင့်သည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးယာယီ တာဝန်ခံ Mr. Shen Dan က မြန်မာနိုင်ငံသို့ MOFCOM ပညာသင်ဆုပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က နိုင်ငံ့ဝန်ထမ်းများ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် MOFCOM ပညာသင်ဆုများပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားကာ ပညာတော်သင်ဆု ရွေးချယ်ခြင်းခံရသူများအား ကျောင်းဝင်ခွင့်လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ ပညာတော်သင် ကျောင်းသားဟောင်းတစ်ဦးနှင့် ပညာတော်သင်ဆု ရရှိသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.