ဧရာဝတီတိုင်းဒေသကြီး (၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

 



ပုသိမ် စက်တင်ဘာ ၁၄


ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး ကျင်းပသည့် (၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။


ဆုချီးမြှင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဇနီးများက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ နှစ်သိမ့်ဆုရရှိသူများနှင့် အကဲဖြတ်ဒိုင်အဖွဲ့များအား ဆုများပေးအပ်ကြသည်။


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး ကျင်းပသည့် (၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ခရိုင်များမှ ပြိုင်ပွဲဝင်စုစုပေါင်း ၅၄၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။


ဆုချီးမြှင့်ပွဲတွင် ပထမဆု ၉၆ ဆု၊ ဒုတိယဆု ၇၄ ဆု၊ တတိယဆု ၄၁ ဆုနှင့် နှစ်သိမ့်ဆု ၃၄ ဆု၊ ဂုဏ်ပြုဆု တစ်ဆု စုစုပေါင်း ၂၄၆ ဆု ချီးမြှင့်ပေးခဲ့ပြီး ခရိုင် အလိုက် ဆုရရှိမှုအနေဖြင့် ရွှေ၊ ငွေ၊ ကြေး၊ ဂုဏ်ပြုဆု နှင့် နှစ်သိမ့်ဆုအပါအဝင် ပုသိမ်ခရိုင်က ၄၆ ဆု၊ မြောင်းမြခရိုင်က ဆု ၅၀၊ ဖျာပုံခရိုင်က ၄၁ ဆု၊ မအူပင် ခရိုင်က ၃၄ ဆု၊ ဟင်္သာတခရိုင်က ၃၁ ဆု၊ လပွတ္တာ ခရိုင်က ၂၁ ဆု၊ ကျုံပျော်ခရိုင်က ကိုးဆုနှင့် မြန်အောင် ခရိုင်က ၁၄ ဆု ရရှိခဲ့ကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.