ဝါစေ့ဆီထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သည့်ကုန်ကြမ်းများ၊ စက်ပစ္စည်းများ၊ နည်းပညာများ ဖြည့်တင်းပေးနိုင်ရေး ဆွေးနွေး

 


မန္တလေး စက်တင်ဘာ ၁၄

 

ပြည်တွင်း စားသုံးသူများအတွက် ဘေးကင်းပြီး အရည်အသွေးပြည့်မီသည့် ဝါစေ့ဆီသန့်ကို ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ခေတ်မီ ဆီသန့်စင်နည်းပညာများ အသုံးပြု၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သတ်မှတ်ချက်များနှင့်အညီ စနစ်တကျအသုံးပြုပြီး အလေးထားဆောင်ရွက်သွားရန် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးအတွင်း ဝါစေ့ဆီကြမ်းမှ အဆင့်မြင့် စားသုံးဆီသန့်အဖြစ် ထုတ်လုပ် ဖြန့်ဖြူးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဝါစေ့ဆီလုပ်ငန်းစီမံချက်၊ ဝါစေ့ဆီကြမ်းမှ အဆင့်မြင့်စားသုံးဆီသန့်အဖြစ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းစီမံချက်၊ တိုင်းဒေသကြီးအတွင်း ဆီစက်လုပ်ငန်းများ လည်ပတ်နေမှု၊ ဝါစေ့ဆီ ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သည့် ကုန်ကြမ်းများ၊ စက်ပစ္စည်းများ၊ နည်းပညာများ ဖြည့်တင်းပေးနိုင်ရေး ရှင်းလင်း တင်ပြချက်များ၊ အတွေ့အကြုံများနှင့် ကြုံတွေ့နေရမှုများ ဆွေးနွေးမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.