အမျိုးသမီးများဆိုင်ရာ ကာကွယ်ပေးထားသည့် ဥပဒေများကို အသိပညာပေးဟောပြော




ဟားခါး စက်တင်ဘာ ၁၄


အမျိုးသမီးများဆိုင်ရာ ကာကွယ်ပေးထားသည့် အခွင့်အရေး၊ ဥပဒေများနှင့် လူကုန်ကူးမှု၊ အကြမ်း ဖက်မှု၊ သက်ငယ်မုဒိမ်းမှုတို့ကို ကာကွယ်စောင့်ရှောက်နိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။


အသိပညာပေးဟောပြောပွဲတွင် ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အမှာစကား ပြောကြားသည်။


ထို့အတူ ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်နှင်းကေသီဝင်းက အမျိုးသမီးများ ဆိုင်ရာ ကာကွယ်ပေးသည့် အခွင့်အရေးများ၊ ဥပဒေများနှင့် လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု တို့ကို ကာကွယ်စောင့်ရှောက်ရန် အသိပညာပေး ဆွေးနွေးသည်။


ဆက်လက်၍ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးက ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီးအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


 ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.