အိုက်စလန်အစိုးရက နိုင်ငံအတွင်း စီးပွားဖြစ်ဝေလငါးဖမ်းဆီးခြင်းမှ တားမြစ်မည့်ဥပဒေကြမ်း ပါလီမန်သို့တင်သွင်းမည်

 


ရေဂျာဗတ်   စက်တင်ဘာ   ၁၄

အိုက်စလန်အစိုးရသည် နိုင်ငံအတွင်း စီးပွားဖြစ်ဝေလငါးဖမ်းဆီးခြင်းမှ တားမြစ်မည့် ဥပဒေကြမ်းတစ်ရပ်ကို လာမည့်နှစ် ဖေဖော်ဝါရီတွင် ပါလီမန်သို့တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

၎င်းဥပဒေကြမ်းအား အတည်ပြုခဲ့ပါက ဝေလငါးဖမ်းဆီးခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သည့် နိုင်ငံများအဖြစ် ဂျပန်နှင့်နော်ဝေနိုင်ငံတို့သာ   ကျန်ရှိတော့မည်ဖြစ်သည်။

ယခုကဲ့သို့  နိုင်ငံအတွင်း ဝေလငါး ဖမ်းဆီးမှုရပ်တန့်မည့် ကြေညာချက်အား အိုက်စလန်အစိုးရက စက်တင်ဘာ ၉ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်ပြီး  ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည်  ဝေလငါးဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့တစ်ခု၏ အစီရင်ခံစာ အပေါ် အခြေခံသည်ဟု  သိရသည်။ ယခုနှစ်အတွင်း ဝေလငါးကောင်ရေ ၈၀ ကို ဖမ်းဆီးရမိကြောင်း သိရသည်။

ယခုတင်သွင်းမည့် ဥပဒေကြမ်းအတွက်  နိုင်ငံသားများထံမှ ထောက်ခံမှုရရှိမည်ဟု မျှော်လင့်ထားကြောင်း တိရစ္ဆာန်လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုက ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ

No comments

Powered by Blogger.