ချမ်းအေးသာစံမြို့နယ်၌ လူကုန်ကူးမှုအသိပညာပေးဟောပြော

 


ချမ်းအေးသာစံ စက်တင်ဘာ ၂၂

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၁၁)မန္တလေးမှကြီးမှူးကာ ကျောင်းသား ကျောင်းသူများကို လူကုန်ကူးမှုအန္တရာယ်အကြောင်းအရာများအား သိရှိလိုက်နာစေရန်အတွက် လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲကို အမှတ်(၂၇)အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

 

ဦးစွာ အမှတ်(၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး)၊ အမှတ်(၂)တပ်ဖွဲ့စိတ် တပ်ဖွဲ့စိတ်မှူး ရဲအုပ်ချမ်းသာက လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာများကို ကျောင်းသား လူငယ်များ မှတ်သားလိုက်နာစေရန် ရှင်းလင်းပြောကြားပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ပြန်/ဆက်)

No comments

Powered by Blogger.