ဟင်္သာတမြို့နယ် စားသုံးဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ကွင်းဆင်းစစ်ဆေး

 


ဟင်္သာတ စက်တင်ဘာ ၁၇

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် စားသုံးဆီဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနဦးစီးမှူး ဦးမိုးကျော်နှင့် မြို့နယ်စည်ပင်သာယာအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲမှူးပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဟင်္သာတမြို့ပေါ်ရှိ စားသုံးဆီဖြန့်ဖြူးရောင်းချနေသော လက်လီ လက်ကား စားသုံးဆီအရောင်းဆိုင်များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့စစ်ဆေးရာတွင် မြို့ပေါ်ရပ်ကွက် ၂၁ ရပ်ကွက်နှင့် ကျေးရွာ ၁၁၁ ရွာအား သတ်မှတ်ရည်ညွှန်းစျေးနှင့်အညီ ဖြန့်ဖြူးရောင်းချရာတွင် စျေးနှုန်းမှန်ကန်ရေး၊ သတ်မှတ်အလေးချိန်ပမာဏ မှန်ကန်မှုရှိစေရေးနှင့် လစဉ်ရောင်းချမှုအကြိမ်ရေ မှန်ကန်စေရေး၊ အိမ်ထောင်စုအလိုက် အပြည့်အဝရရှိစေရေးတို့ကို စစ်ဆေးသည်။ ဟင်္သာတမြို့နယ်အတွင်း စားအုန်းဆီကို ကုမ္ပဏီနှစ်ခုနှင့် လက်ကားကိုယ်စားလှယ် လေးဦးတို့က စားအုန်းဆီဝယ်ယူခွင့် စာအုပ်ဖြင့် တစ်လလျှင် ဆီ ၁ ပိဿာ ၅၀ ကျပ်သားကို သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.