လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ အသိအမှတ်ပြုသင်တန်းဆင်းပွဲ ကျင်းပ
နေပြည်တော် စက်တင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန
သီးနှံကာကွယ်ရေးဌာနခွဲက ပိုးသတ်ဆေး ကိုင်တွယ်အသုံးပြုသူများ အားလုံးကျန်းမာရေးနှင့်ညီညွတ်စွာ
ကိုင်တွယ်သုံးစွဲနိုင်စေရန်ရည်ရွယ်၍ လက်မှတ်ရပိုးသတ် ဆေးသုံးစွဲသူများအသိအမှတ်ပြု
(CPA)သင်တန်းကို စက်တင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချခဲ့ရာ အဆိုပါသင်တန်းဆင်းပွဲကို
ယနေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့ သုခစိုးဟိုတယ်ခန်းမ၌ ကျင်းပသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက
အမှာစကားပြောကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊
ဦးအောင်ဇေယျနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းထူးချွန်ဆုများကို
ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါသင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာနမှ
ကျွမ်းကျင်ပညာရှင်များက သီးနှံကာကွယ်ရေးဆိုင်ရာ မူဝါဒများ၊ ပိုးသတ်ဆေးဥပဒေ၊ နည်းဥပဒေများ၊
ပြစ်မှုပြစ်ဒဏ်များ၊ စိုက်ပျိုး/သိုလှောင်သီးနှံများနှင့် စပ်လျဉ်း၍ စနစ်တကျပိုးသတ်ဆေးသုံးစွဲနည်းများ၊
သီးနှံဖျက်ပိုးအလိုက် ဘက်စုံကာကွယ် နှိမ်နင်းနည်းများ၊ ပိုးသတ်ဆေး စနစ်တကျကိုင်တွယ်သုံးစွဲနည်းနှင့်
ပေါင်းသတ်ဆေး ကာကွယ်သုံးစွဲနည်းများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ပိုးသတ်ဆေး
အရောင်းဆိုင်များမှ ကိုယ်စားလှယ် ၂၁၂ ဦးတို့အား သုံးရက်ကြာ သင်ကြားပို့ချခဲ့ကြောင်း
သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments