မိုင်းပေါက်၊ မိုင်းဖျဲန်၊ ဟိုတောင်း၊ နမ့်ဖိုင်နှင့် မိုင်းကာမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

 


ကျိုင်းတုံ စက်တင်ဘာ ၁၇

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက ဦးဆောင်၍ မိုင်းယန်းနှင့် မိုင်းခတ်မြို့နယ်တို့မှ ကျန်းမာရေးဝန်ထမ်းများနှင့် ကာကွယ်ဆေးထိုးအဖွဲ့ငါးဖွဲ့သည် စက်တင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ “ဝ” အထူးဒေသအတွင်းရှိ မိုင်းပေါက်၊ မိုင်းဖျဲန်၊ ဟိုတောင်း၊ နမ့်ဖိုင်နှင့် မိုင်းကာမြို့နယ်တို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 

ထိုသို့ဆောင်ရွက်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”အထူးဒေသမြို့နယ်များမှ ကာကွယ်ဆေးထိုးစုရပ် (၅)နေရာတွင် အသက်(၁)နှစ်အောက်နှင့်အထက် ကလေးငယ် ၃၇၀ နှင့် ကိုယ်ဝန်ဆောင်မိခင် ၇၅ ဦးတို့အား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်ဆောင် ကြည့်ရှုစစ်ဆေးပေးခြင်း၊ ကျန်းမာရေး အသိပညာမြှင့်တင်ခြင်းလုပ်ငန်းနှင့် ငှက်ဖျားရောဂါ ကာကွယ်နှိမ်နင်းရေးနှင့်ပတ်သက်သည့် သင်တန်းပို့ချပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)

No comments

Powered by Blogger.