သာစည်မြို့နယ်၌ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
သာစည် စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌
သာစည်-ပြွန်ကန်-ဆံမြိတ်ရှည်လမ်းပိုင်း ကျောက်ချောလမ်း ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက
စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး
ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၇၉ ဒသမ ၃၃၄ သန်းဖြင့် အရှည်(၀/၃ ဒသမ ၈၅)မိုင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို
ရတနာလမ်းကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိရာ မိတ္ထီလာခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် သာစည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ
ဦးစီးအရာရှိ (မြို့ပြ)တို့က ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments