မြောင်းမြမြို့၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID များ ပေးအပ်ပွဲ ကျင်းပ

 


မြောင်းမြ စက်တင်ဘာ ၁၇

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID များ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်မျိုးက အမှာစကား ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းအုပ် ဆရာ ဆရာမများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)

No comments

Powered by Blogger.