ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများ ကြည့်ရှုစစ်ဆေး

 


ရန်ကုန် စက်တင်ဘာ ၁၇

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်လျှပ်စစ်မန်နေဂျာရုံးနှင့် ရန်ကင်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံးတို့တွင် လျှပ်စစ်ဓာတ်အား လေလွင့်ပျောက်ဆုံးမှုကျဆင်းရေး၊ ဓာတ်အားခကြွေးကျန်ကျဆင်းရေး ဆောင်ရွက်ထားမှု၊ အွန်လိုင်းမှ မီတာလျှောက်ထားမှု အခြေအနေကို ယမန်နေ့က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစဉ် ရပ်/ပျက်/နှေး ဖြစ်ပေါ်နေသည့် မီတာများအား အမြန်အစားထိုးလဲလှယ်ရန်၊ ဖီဒါ/ ထရန်စဖော်မာများအလိုက် ဓာတ်အားလေလွင့်ဆုံးရှုံးမှုများကို စိစစ်တွက်ချက်၍ တရားမဝင်ဓာတ်အား ရယူသုံးစွဲမှုများအား ဖော်ထုတ်အရေးယူရေး ဆောင်ရွက်ရန် မှာကြားသည်။

 

ဆက်လက်၍ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်လျှပ်စစ် မန်နေဂျာရုံး၌ ခရိုင်နှင့် လှိုင်သာယာ(အရှေ့)၊ လှိုင်သာယာ(အနောက်)၊ ထန်းတပင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံး၊ ရွှေလင်ပန်းမြို့ လျှပ်စစ်အင်ဂျင်နီယာရုံးတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.