ကျောင်းကုန်းမြို့၌ ကုန်ထုတ်လမ်းနှင့် ရေပေးရေးလုပ်ငန်း ကွင်းဆင်းစစ်ဆေး
ကျောင်းကုန်း စက်တင်ဘာ ၂၂
ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ
ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ကျုံပျော်ခရိုင်
ကျောင်းကုန်းမြို့နယ် ဇရပ်ကွင်းကျေးရွာအုပ်စု ဆူးပဒေါင်းကွင်းကျေးရွာ ကုန်ထုတ်လမ်းရေကျော်နေမှု၊
လမ်းပျက်စီးမှု အခြေအနေကို တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးနေထက်ရှိန်၊ ကျုံပျော်ခရိုင်ဦးစီးမှူး
ဦးတင်မောင်ဌေးနှင့် မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါမြတ်မွန်တို့က ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ရေကြီးနစ်မြုပ်ကျေးရွာဖြစ်သော
ကျောင်းကုန်းမြို့နယ် မကျီးပင်ကွင်းအုပ်စု သရက်တောကျေးရွာ ဌာနစက်ရေတွင်း တွင်းဆေး၊
တွင်းမှုတ်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် အင်ဂျင်ကွန်ပရက်ဆာ ပြင်ဆင်ဆောင်ရွက်မှု
အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)

No comments