အာရှဖလား ယူ-၁၇ ခြေစစ်ပွဲအကြို မြန်မာအသင်းနှင့် အိန္ဒိယအသင်း ခြေစမ်းပွဲနှစ်ပွဲကစားမည်

 


ရန်ကုန်   စက်တင်ဘာ   ၃၀

နိုဝင်ဘာတွင်ကျင်းပမည့် ၂၀၂၇ အာရှဖလား  ယူ-၁၇ ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၇ လူငယ် လက်ရွေးစင်အသင်းနှင့် အိန္ဒိယ ယူ-၁၇ လူငယ် လက်ရွေးစင်အသင်းသည် ရန်ကုန်မြို့တွင် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

ယင်းခြေစမ်းပွဲများကို အောက်တိုဘာ ၄၊ ၇ ရက် ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ သန်လျင်မြို့ရှိ Star City ကွင်း  (Sunset Venue) ၌ ကျင်းပမည်ဖြစ်သည်။

မြန်မာအသင်းနှင့် အိန္ဒိယအသင်းသည် မတ်လဆန်းကလည်း ရန်ကုန်မြို့တွင် ခြေစမ်းပွဲနှစ်ပွဲကစားခဲ့ပြီး အိန္ဒိယအသင်းက တစ်ပွဲနိုင်၊ တစ်ပွဲသရေကျ ခဲ့သည်။

အာရှဖလား ယူ-၁၇  ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာယူ-၁၇ အသင်းကို ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊    မြန်မာ ဘောလုံးအကယ်ဒမီများမှ  ပဏာမကစားသမား ၂၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ဂျပန်လူမျိုး နည်းပြချုပ် ကိုင်ဆူကီက တာဝန်ယူကိုင်တွယ်လျက်ရှိသည်။ ထို့ပြင် ကစားသမားများ   အတွေ့အကြုံရစေရန် ပြည်တွင်းလိဂ်ဖြစ်သော M-League ယူ-၂၀ လိဂ်ပြိုင်ပွဲတွင် Galaxy အသင်းအမည်ဖြင့် ယှဉ်ပြိုင်လျက်ရှိသည်။ မြန်မာ ယူ-၁၇ အသင်းတွင် ပဏာမ ကစားသမားများအဖြစ် ဂိုးသမား- အောင်ဘုန်းမြတ်(မန္တလေးတိုင်းဒေသကြီး)၊ လင်းလက်ထွန်း (Falcon FC)၊ ရောဘတ်၊ စောအောင်ကျော်ဖြိုး(ကရင်ပြည်နယ်)၊နောက်တန်း-ကြည်သာ(အမျိုးသား ဘောလုံးအကယ်ဒမီ-ရန်ကုန်)၊   ဟိန်းသန့်ချစ်ခင် (အမျိုးသားဘောလုံးအကယ်ဒမီ-ရန်ကုန်)၊ မျိုးဇော်လွင်  (မန္တလေးတိုင်းဒေသကြီး)၊ မြတ်သူမောင် (အမျိုးသားဘောလုံးအကယ်ဒမီ-ရန်ကုန်)၊ မြင့်မြတ်အောင်(အမျိုးသားဘောလုံးအကယ်ဒမီ-ရန်ကုန်)၊ လမင်းထိန် (မြန်မာဘောလုံး အကယ်ဒမီ-မန္တလေး)၊ ဇင်မင်းမြတ်သူ(အမျိုးသားဘောလုံးအကယ်ဒမီ-ရန်ကုန်)၊ မြတ်မင်းသူ(မြန်မာဘောလုံးအကယ်ဒမီ - မန္တလေး)၊ ခွန်စိုင်းကြယ်စင်(ရှမ်းပြည်နယ်)၊ မိုးကောင်းခန့် (မြန်မာဘောလုံးအကယ်ဒမီ - မန္တလေး)၊ အလယ်တန်း - ခွန်ဝေဖြိုး (အမျိုးသား ဘောလုံးအကယ်ဒမီ - ရန်ကုန်)၊ သန်းထိုက်အောင်(အမျိုးသားဘောလုံး အကယ်ဒမီ - ရန်ကုန်)၊ ခွန်ထွန်းဝေ(မြန်မာဘောလုံးအကယ်ဒမီ - မန္တလေး)၊  သူရမောင် (စစ်ကိုင်းတိုင်းဒေသကြီး)၊  နေယံထွဋ်(အမျိုးသားဘောလုံးအကယ်ဒမီ - ရန်ကုန်)၊  ပရင့်စ်ဒိုဒိုထန်(ရန်ကုန်တိုင်းဒေသကြီး)၊ သန့်ဇင်အောင် (မြန်မာ ဘောလုံးအကယ်ဒမီ-မန္တလေး)၊ သူရဟိန်းထက်(အမျိုးသားဘောလုံးအကယ်ဒမီ - ရန်ကုန်)၊ စောဂျိမ်း(ရန်ကုန် တိုင်းဒေသကြီး)၊ အောင်မြတ်သာ (မြန်မာဘောလုံး အကယ်ဒမီ - မန္တလေး)၊ ရှေ့တန်း - ပိုင်ဇေထွန်း၊ ဖုန်းအောင်ရဲရင့်၊  ကောင်းခန့်လင်း (အမျိုးသားဘောလုံးအကယ်ဒမီ - ရန်ကုန်)၊ စိုင်းမင်းအောင် (မြန်မာဘောလုံး အကယ်ဒမီ - မန္တလေး)၊  သက်နိုင်ဦး(ရန်ကုန်စီးတီး)တို့ ပါဝင်ကြသည်။

၂၀၂၇ အာရှဖလား ယူ-၁၇  ခြေစစ်ပွဲတွင် မြန်မာအသင်းသည် အုပ်စု(A)၌ အင်ဒိုနီးရှား၊ အာဖဂန်နစ္စတန်၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားအသင်းတို့နှင့် ကျရောက်နေပြီး ယင်းပွဲစဉ်များကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။   အိန္ဒိယအသင်းမှာမူ အုပ်စု (E) တွင် မလေးရှား၊ ပါလက်စတိုင်း၊ စင်ကာပူနှင့် ဂူအမ်အသင်းတို့နှင့် ကျရောက်နေသည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်သော်

No comments

Powered by Blogger.