စပိန်အသင်းက ခရိုအေးရှားအသင်းကို ဂိုးပြတ်အနိုင်ရပြီး ပွဲ ၄၀ ဆက်ရှုံးပွဲမရှိစံချိန်တင်


 

စပိန်အသင်းဟာ ယူအီးအက်ဖ်အေနေးရှင်းလိဂ်အုပ်စု ဒုတိယပွဲစဉ်အဖြစ် စက်တင်ဘာ ၂၉ ရက် ညပိုင်းက ခရိုအေးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ ခရိုအေးရှားအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

စပိန်အသင်းနဲ့ ခရိုအေးရှားအသင်းတို့ပွဲစဉ်မှာ အိမ်ရှင်စပိန်အသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး  စပိန်အသင်းအတွက် သွင်းဂိုးတွေကို လာမိုင်းယာမယ်ကနှစ်ဂိုး၊ မားပူဘီလ်ကတစ်ဂိုး၊ နီကိုဝီလီယံကတစ်ဂိုး သွင်းယူပေးခဲ့ကာ ခရိုအေးရှားအသင်းအတွက် ချေပဂိုး တစ်ဂိုးကိုတော့ ဘယ်လ်ဂျိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။  စပိန်အသင်းဟာ ခရိုအေးရှားအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ယူအီးအက်ဖ် အေနေးရှင်းလိဂ်နှစ်ပွဲယှဉ်ပြိုင်ကစားပြီးချိန်မှာ နှစ်ပွဲစလုံးအနိုင်ရရှိမှုနဲ့အတူ ရမှတ်ခြောက်မှတ်စုဆောင်းနိုင်ခဲ့လို့ အုပ်စုထိပ်ဆုံးမှာ ဦးဆောင်နေတာဖြစ်ပါတယ်။ 

ကမ္ဘာ့ဖလားလက်ရှိချန်ပီယံစပိန်အသင်းအနေနဲ့ အခုလိုအနိုင်ရရှိခဲ့တာကြောင့် နိုင်ငံတကာပွဲစဉ် ၄၀ အထိ ရှုံးပွဲမရှိ စံချိန်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ စပိန်အသင်းဟာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ အာဂျင်တီးနား အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ပထမဆုံးအိမ်ကွင်း ပြန်လည်ကစားရတာဖြစ်ပြီး လာမယ့်ပွဲစဉ်အဖြစ် ချက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ကာ  ခရိုအေးရှားအသင်းကတော့ အင်္ဂလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။                            

ငွေကြယ်

No comments

Powered by Blogger.