လင်ကွန်းစီးတီးအသင်းကို အနိုင်ရပြီး ဆွမ်ဆီးအသင်း ချန်ပီယံရှစ်ဇယားထိပ်ဆုံးသို့ တက်လှမ်း

 


ဆွမ်ဆီးအသင်းဟာ စက်တင်ဘာ ၁၉ ရက် ညပိုင်းက ချန်ပီယံရှစ်ပွဲစဉ်()အဖြစ် လင်ကွန်းစီးတီး အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံရှစ်အမှတ်ပေးဇယား ထိပ်သို့ တက်လှမ်းခွင့်ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ အိမ်ရှင်အဖြစ်ဧည့်ခံကစားရတဲ့ လင်ကွန်းစီးတီးအသင်းက ပထမပိုင်း ပွဲကစားချိန် ၃၉ မိနစ်မှာ ရရှိခဲ့တဲ့ ဟက်ကတ်ရဲ့ပင်နယ်တီသွင်းဂိုးနဲ့ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပေမယ့် ဆွမ်ဆီးအသင်းဟာ ဒုတိယပိုင်းပွဲကစားချိန် ၄၇ မိနစ်မှာ မောက်ဆာယိုးက တစ်ဂိုး၊ ၅၁ မိနစ်မှာ အက်စတာကွီယိုက တစ်ဂိုးသွင်းယူပေးခဲ့လို့ ဆွမ်ဆီးအသင်းက အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဆွမ်ဆီးအသင်းဟာ လင်ကွန်းစီးတီးကို အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံရှစ်ပွဲစဉ်() ယှဉ်ပြိုင်ကစားပြီး ချိန်မှာ ငါးပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ် ၁၇ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်()နေရာမှာ ရပ်တည်နေပြီး အမှတ်ပေးဇယားဒုတိယနေရာကဝက်စ်ဟမ်းအသင်းကို နှစ်မှတ်ဖြတ်ကာ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

လင်ကွန်းစီးတီးအသင်းကတော့ ဆွမ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် လက်ရှိအချိန်မှာ ရမှတ် ၁၁ မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၁၂)နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ငွေကြယ်

No comments

Powered by Blogger.