ဂရန်းဆလမ်းခြောက်ကြိမ်မြောက်ချန်ပီယံ ဆာလစ်ဘူရီ တင်းနစ်ကစားသမားဘဝမှ အနားယူ

 


နှစ်ယောက်တွဲတင်းနစ်ပွဲစဉ်တွေမှာ  ဂရန်းဆလမ်းချန်ပီယံ ဆုဖလားကို ခြောက်ကြိမ်အထိရယူဆွတ်ခူးနိုင်ခဲ့တဲ့ ပရော် ဖက်ရှင်နယ် တင်းနစ်ကစားသမား ဆာလစ်ဘူရီဟာ ကစားသမားဘဝမှ အနားယူလိုက်ပြီဖြစ်ပါတယ်။

ဆာလစ်ဘူဂီဟာ ဩစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲနဲ့ အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲတွေမှာ နှစ်ယောက်တွဲ ချန်ပီယံဆုတွေကို ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆာလစ်ဘူရီဟာ ယခုလအတွင်းမှာလည်း ကာလရှည်လက်တွဲဖော် ရာဂျိဗ်ရမ်နဲ့အတူ အမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲ နှစ်ယောက်တွဲပြိုင်ပွဲမှာ ပါဝင်ကစားခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်တက်လှမ်းခဲ့ပြီးနောက် ပရော်ဖက်ရှင်နယ်ကစားသမား ဘဝမှ အနားယူဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်တင်းနစ်အကျော်အမော် ဆာလစ်ဘူရီဟာ အိုးပင်းတင်းနစ်ပြိုင်ပွဲ နှစ်ယောက်တွဲပြိုင်ပွဲတွေမှာ ဗြိတိန်ရဲ့ အအောင်မြင်ဆုံး တင်းနစ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဆာလစ်ဘူရီနဲ့ ရာဂျိဗ်ရမ်တို့ဟာအမေရိကန်အိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ နှစ်ယောက်တွဲပြိုင်ပွဲတွေမှာ သုံးနှစ်ဆက်ချန်ပီယံ ဖြစ်ခဲ့တဲ့   ပထမဆုံးကစားသမားတွေလည်း ဖြစ်ပါတယ်။

ငွေကြယ်

No comments

Powered by Blogger.