လီဗာပူးလ်အသင်းက အီဆတ်ရဲ့တစ်လုံးတည်းသောသွင်းဂိုးဖြင့် ဘုန်းမောက်အသင်းကို အနိုင်ရရှိ

 


ဘုန်းမောက်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ စက်တင်ဘာ ၂၀ ရက် ညပိုင်းက  ယှဉ်ပြိုင်ကစားခဲ့တဲ့  ပရီမီယာလိဂ် ပွဲစဉ် ()မှာ   လီဗာပူးလ်အသင်းက အီဆတ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အခုပွဲစဉ်မှာ   လီဗာပူးလ်အသင်းအတွက် ပွဲကစားချိန် ၅၇ မိနစ်မှာ အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ အီဆတ်ဟာ ယခုရာသီမှာ ပရီမီယာလိဂ်သွင်းဂိုး လေးဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးလ်အသင်း ဟာ ဘုန်းမောက်အသင်းကို အနိုင်ရရှိခဲ့ တာကြောင့် ပရီမီယာလိဂ်ပွဲစဉ်  ငါးပွဲယှဉ်ပြိုင်ကစားပြီးချိန်မှာ နှစ်ပွဲနိုင်၊ သုံးပွဲ သရေရမှတ် ၉ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်()နေရာမှာ  ရပ်တည်နေတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ပရီမီယာလိဂ်အဖွင့်ပွဲစဉ် သုံးပွဲမှာ ဂိုးမပေးခဲ့ရခြင်းဟာ ၂၀၂၄-၂၀၂၅ နောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ဘုန်းမောက်အသင်းကတော့ ပရီမီယာလိဂ်ပွဲစဉ် ငါးပွဲယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ်  သုံးမှတ်သာ စုဆောင်းနိုင်ခဲ့တာကြောင့်   အဆင့်(၁၇)နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ငွေကြယ်

No comments

Powered by Blogger.