ဘာစီလိုနာအသင်း ရာနှုန်းပြည့်နိုင်ပွဲဆက်ပြီး ဇယားထိပ်၌ ဆက်လက်ဦးဆောင် တိုက်စစ်မှူးရာဖင်ဟာ လေးရက်အတွင်း ဟက်ထရစ်နှစ်ကြိမ်သွင်းယူ

 


ဆီဗီလာအသင်းနဲ့ ဘာစီလိုနာအသင်း တို့ စက်တင်ဘာ  ၁၉  ရက်  ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းက ဆီဗီလာအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ  ဆီဗီလာအသင်းကို  အနိုင်ရရှိခဲ့တာကြောင့် စပိန်လာလီဂါ ပွဲစဉ်()ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၂၁ မှတ် စုဆောင်း နိုင်ခဲ့ကာ ရာနှုန်းပြည့် နိုင်ပွဲဆက်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဆီဗီလာအသင်းနဲ့ ဘာစီလိုနာအသင်းတို့ပွဲစဉ်မှာ  ဘာစီလိုနာအသင်းအတွက် သွင်းဂိုးသုံးဂိုးစလုံးကို   တိုက်စစ်မှူး ရာဖင်ဟာက  သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး  ရာဖင်ဟာအနေနဲ့ အခုပွဲစဉ်မှာ   ဟက်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့် လေးရက်အတွင်း ဟက်ထရစ် နှစ်ကြိမ် သွင်းယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင်လက လိဒ်စ်ယူနိုက်တက်အသင်းကနေ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့လာခဲ့တဲ့   ရာဖင်ဟာအနေနဲ့ စက်တင်ဘာ    ၁၆    ရက်ကလည်း ဆန်တန်ဒါအသင်းကို ခုနစ်ဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလည်း ဟက်ထရစ် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။  လက်ရှိအချိန်မှာ ရာဖင်ဟာအနေနဲ့ ယခုဘောလုံး ရာသီမှာ  ပြိုင်ပွဲစုံသွင်းဂိုး  ၁၄ ဂိုးအထိ ရှိသွားခဲ့ပြီလည်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ  ဆီဗီလာအသင်းကို   အနိုင်ရရှိခဲ့ပြီးနောက် စပိန်လာလီဂါ အမှတ်ပေးဇယား   ဒုတိယနေရာမှာ   ရပ်တည်နေတဲ့ အက်သလက်တီကို မက်ဒရစ်ကို ငါးမှတ်၊ တတိယနေရာမှာ ရပ်တည်နေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို ခြောက်မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆီဗီလာအသင်းကတော့  ဘာစီလိုနာအသင်းကို ရှုံးနိမ့်ခဲ့လို့ လာလီဂါပွဲစဉ်()ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၁၃ မှတ်နဲ့ အမှတ်ပေးဇယားအဆင့်()နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ငွေကြယ်

No comments

Powered by Blogger.