၂၀၂၆ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၏ ဝိုင်ထုတ်လုပ်မှု ၆ ရာခိုင်နှုန်း ကျဆင်းဖွယ်ရှိ

 


ပါရီ  စက်တင်ဘာ 

၂၀၂၆ ခုနှစ်အတွင်း ပြင်သစ်နိုင်ငံ၏ ဝိုင်ထုတ်လုပ်မှုမှာ ဟက်တိုလီတာ ၃၄ သန်းနီးပါးရှိမည်ဟု ခန့်မှန်းထားပြီး  ယင်းပမာဏမှာ ၂၀၂၅ ခုနှစ်ကထက် ၆ ရာခိုင်နှုန်းနှင့် ၂၀၂၁-၂၀၂၅ ခုနှစ် ပျမ်းမျှထုတ်လုပ်မှုထက် ၁၇  ရာခိုင်နှုန်း လျော့နည်းခြင်းဖြစ်ကြောင်း ပြင်သစ်စိုက်ပျိုးရေးဝန်ကြီးဌာနက စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည့် ခန့်မှန်းချက်များအရ သိရသည်။

ယင်းသို့ လျော့နည်းရခြင်းမှာ နွေရာသီတွင် အထူးသဖြင့် မိုးခေါင်ခြင်းနှင့် အပူလှိုင်းကျရောက်ခြင်း စသည့် ရာသီဥတုအခြေအနေများကြောင့် စပျစ်စိုက်ပျိုးသည့် ဧရိယာလျော့နည်းခြင်းနှင့် အထွက်နှုန်းကျဆင်းခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

ယခုနှစ်နွေရာသီ အပူလှိုင်းကျရောက်မှုကြောင့် ပြင်သစ်စီးပွားရေးကဏ္ဍတွင်  ယူရို ၁၀ ဘီလီယံမှ ၁၅ ဘီလီယံအကြား (အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆ ဘီလီယံမှ ၁၇ ဒသမ ၅ ဘီလီယံအထိ) ဆုံးရှုံးနိုင်ကြောင်း ပြင်သစ်ဂေဟစနစ် ကူးပြောင်းရေးဆိုင်ရာဝန်ကြီး မိုနိခ်ဘာဘတ်က ပြောကြားသည်။

ဆင်ဟွာ

No comments

Powered by Blogger.