ပြင်ဦးလွင်မြို့နယ်၌ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
ပြင်ဦးလွင် စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၌
ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံး ငွေရင်း)
ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ညောင်နီ-ပိန္နဲကုန်း (တ)လမ်းမှ အင်းကြီးလမ်းကတ္တရာလမ်းခင်းခြင်းလုပ်ငန်း
ဆောင်ရွက်နေမှုကို တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး
(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါလမ်းဆောင်ရွက်ပြီးစီးပါက အကျိုးပြုကျေးရွာ
သုံးရွာရှိ လူဦးရေ ၃၅၉၈ ဦး၏ ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ထုတ်ကုန်များ စျေးကွက်သို့
တင်ပို့ရောင်းချရာတွင် များစွာအကျိုးပြုမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments