လှည်းကူးမြို့နယ်၌ ကျေးရွာချင်းဆက်လမ်း/တံတားများ ကွင်းဆင်းစစ်ဆေး

 


ရန်ကုန် စက်တင်ဘာ ၃

 

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာချင်းဆက် လမ်း/တံတားများကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိများက ကွင်းဆင်းစစ်ဆေးသည်။

 

ထိုသို့ စစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော်မှ အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများက ဖဲခမဲကျေးရွာအုပ်စု တွင်းတစ်ရာကျေးရွာမှ သပြု-ဒါးပိန်လမ်းသို့ ဆက်သွယ်သည့် ကျောက်ချောလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးရာ မြို့နယ်ဦးစီးအရာရှိ(မြို့ပြ)က ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

အိရွှေစင်လတ်(ပြန်/ဆက်)

No comments

Powered by Blogger.