ဒုတိယဝန်ကြီး ဦးကိုကိုကျော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပသည့် (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်၏ ဆက်စပ်ဆွေးနွေးပွဲများသို့ တက်ရောက်ဆွေးနွေး
ဗလာဒီဗော့စတော့ စက်တင်ဘာ ၃
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ မြို့၌ ကျင်းပလျက်ရှိသည့် (၁၁)ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်သို့ တက်ရောက်လျက်ရှိသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ဗလာဒီဗော့စတော့မြို့ရှိ ရုရှားအရှေ့ဖျား ဖက်ဒရယ် တက္ကသိုလ်၌ ကျင်းပသည့် “The Business Envi-ronment of the Future : Global Experience and New Solutions” ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးသည်။
ဆွေးနွေး
ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူအဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ VEB.RF ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးရေးအဖွဲ့မှ မဟာဗျူဟာဌာနအကြီးအကဲ Mr. Mikhail Khomich က ဆောင်ရွက်ပြီး နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး Mr. Maxim Reshetnikov၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတရုံး၏ ကျွမ်းကျင်ပညာရှင်များဌာန ဒုတိယအကြီးအကဲ၊ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း ROSATOM မှ ညွှန်ကြားရေးမှူး၊ Sberbank ၏ အမှုဆောင်ဘုတ်အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မဟာဗျူဟာမြောက်ဦးဆောင်မှုအေဂျင်စီ (ASI) မှ ညွှန်ကြားရေးမှူး၊ ကိုရီးယား-ရုရှား စီးပွားရေး ကောင်စီဥက္ကဋ္ဌနှင့် ထိုင်း-ရုရှား စီးပွားရေးကောင်စီ ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး ရုရှားအရှေ့ဖျားဒေသ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှု အတွေ့အကြုံကောင်းများနှင့် ရင်ဆိုင် ကြုံတွေ့နေရသည့် အခက်အခဲများ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဆွေးနွေးကြသည်။
ဒုတိယဝန်ကြီး ဦးကိုကိုကျော်က မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ဥပဒေစံနှုန်းများနှင့်အညီ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် အထူးစီးပွားရေး ဇုန်ဥပဒေများ ပြဋ္ဌာန်းထားပြီး ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးနေမှု၊ နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များအတွက် ရေရှည်တည်တံ့သော ခိုင်မာသည့်ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းများ ဆောင်ရွက်ထားရှိမှုနှင့် MSMEs လုပ်ငန်းများနှင့် အထူးစီးပွားရေးဇုန် (SEZ) စီမံကိန်းများကို ဦးစားပေးနယ်ပယ်များအဖြစ် သတ်မှတ်ထားရှိမှုတို့ကို ရှင်းလင်းပြောကြားပြီး ရုရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီး မြှုပ်နှံသူများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံမှုများ ဆောင်ရွက်ကြရန် ဖိတ်ခေါ်ဆွေးနွေးသည်။
သတင်းစဉ်
%20(1).jpg)
No comments