နတ်မောက်မြို့နယ်၌ ဓာတ်မြေသြဇာနှင့်နေကြာမျိုးစေ့များ ပေးအပ်
နတ်မောက် စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်
စိုက်ပျိုးရေးဦးစီးဌာနက ဝါသီးနှံဖွံ့ဖြိုးတိုးတက်ရေး အတွက် ဓာတ်မြေသြဇာနှင့် နေကြာမျိုးစေ့
ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌
ကျင်းပသည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် တာဝန်ရှိသူများက
ဝါပန်းတိုင် အထွက်နှုန်းရရှိရေး စံပြကွက် ဆောင်ရွက်သည့် ကျေးရွာအုပ်စု ခုနစ်အုပ်စုနှင့်
မျိုးစေ့ထုတ် ဆောင်ရွက်သည့် ကျေးရွာအုပ်စု ခုနစ်အုပ်စုမှ တက်ရောက်လာကြသည့် တောင်သူအစုအဖွဲ့
ခေါင်းဆောင် ၆၀ တို့အား ဓာတ်မြေသြဇာနှင့် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း
သိရသည်။
လှဝင်း

No comments